အသွားအလာ ကန့်သတ်ထားရှိသည့် မော်လမြိုင်တက္ကသိုလ် အဆောင်များတွင် မလေးရှားနိုင်ငံမှ နေရပ်ပြန် များကို ဓါတ်ခွဲနမူနာများ ယူဆောင်စစ်ဆေးခြင်း

မော်လမြိုင်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၆ ရက်

     မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် အဆောင်များတွင် အသွားအလာ ကန့်သတ်ခြင်း ထားရှိသည့် မလေးရှားနိုင်ငံမှ နေရပ်ပြန် (၈၇) ဦး (ကျား ၇၃ ဦး၊ မ ၁၄ ဦး) ကို ဓါတ်ခွဲနမူနာ ယူဆောင်ခြင်း မေလ (၁၆) ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ COVID-19 ရောဂါပိုး ရှိ/မရှိ ယနေ့မှာပင် ဆက်လက်ပို့ဆောင် အတည်ပြုစစ်ဆေး သွားမည် ဖြစ်ပါသည်။

 

     အဆိုပါ ဓါတ်ခွဲနမူနာများယူဆောင်ခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် (အဏုဇီဝဗေဒ)၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၊ မုဒုံ၊ ကျိုက်မရော နှင့် ချောင်းဆုံမြို့နယ်ဆေးရုံများမှ ဓါတ်ခွဲကျွမ်းကျင်ပညာရှင်များ၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး နှင့် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက ကွင်းဆင်းကြီးကြပ် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပြီး ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများကလည်း ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

More Tags