ထားဝယ်မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်ကြည်း ရေ လေ မိသားစုများက ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်း

ထားဝယ်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၄ ရက်

     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့သို့  ရောက်ရှိလာပြီး  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်ကြည်း ရေ လေ မိသားစုများကလှူဒါန်းသော ဆေးနှင့်ဆေးပစ္စည်းများကို ထားဝယ်လေဆိပ် အထူးဧည့်သည်များ နားနေဆောင်၌ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းမင်းနှင့် ထားဝယ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းတို့လက်ခံရယူပါသည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လှူဒါန်းရသည့် အကြောင်းရင်းများကို ပြောကြားပါသည်။

More Tags