မြစ်သားမြို့ သီလင်ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မြစ်သား၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၄ ရက်

     မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ၊ ရေဝန်းကျေးလက်ကျန်းမာရေးဌာန၊ သီလင်ကျေးလက်ကျန်းမာရေးဌာနခွဲတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွန်မှုအရ အခြေခံကျန်းမာရေး ဝန်ထမ်းများက ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ပြည်သူများအား အဖျားရှိ/မရှိတိုင်းပေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဆောင်ရွက်လိုက်နာရမည့်အချက်များကို စစ်ဆေးဆောင်ရွက်ခြင်း ၊ ကျန်းမာရေး ပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

More Tags