ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ သင်တန်းကျင်းပ

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၁ ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Fever Clinic ၌ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ရန် အမည်စာရင်းပေးသွင်းထားသည့် နောက်ဆုံးနှစ် သူနာပြုသင်တန်းကျောင်းသူများအား COVID-19 ရောဂါကာကွယ်တားဆီးကုသရေးနှင့် ပတ်သက်၍ သင်တန်းပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ဒေါက်တာကောင်းမြတ်စိုး၊ ဦးစီးအရာရှိ(အခြေခံကျန်းမာ)မှ သူနာပြုသင်တန်းသူများအား Personal Protective Equipment(PPE) ဝတ်ဆင်ပုံ ဝတ်ဆင် နည်းများနှင့် စနစ်တကျ ချွတ်ယူသည့်နည်းများ၊ ရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းသင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား စေတနာ့ဝန်ထမ်း သူနာပြုသင်တန်းသူ စုစုပေါင်း (၁၅) ဦး ခန့် တက်ရောက်ခဲ့သည်။

 
 

More Tags