COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး Animation GIF ဖိုင်များ (12-5-2020)

၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးပါ။ ၂။ နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင်ဖုံးပါ။
၃။ အပြင်ထွက်တဲ့အခါတိုင်း ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ပါ။ ၄။ အခြားသူများနဲ့ အနည်းဆုံး (၆)ပေ အကွာမှသာ ပြောဆိုဆက်ဆံပါ။
၅။ မိသားစုဝင်တစ်ဦးသာလျှင် စျေးဝယ်ထွက်ပါ။ ဖြစ်နိုင်လျှင် တစ်ပတ်ကို တစ်ကြိမ်သာ စျေးဝယ်ထွက်ပါ။ ၆။ တတ်နိုင်သမျှ အစာအုပ်စုစုံလင်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။
၇။ မိမိနဲ့သင့်တော်ပြီးမပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။  အိပ်ရေးဝအောင်အိပ်ပါ။ ၈။ အစားအသောက်တွေကို မပြင်ဆင်၊ မကိုင်တွယ်မီမှာ လက်ကို ဆပ်ပြာနဲ့ရေ သုံးပြီး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ။
၉။ တတ်နိုင်သမျှ အစာအုပ်စုစုံလင်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။ ၁၀။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားရာဒေသမှ ပြန်လာသူများအနေဖြင့် သီးခြား သတ်မှတ်ထားသောနေရာများ (Quarantine Center) တွင် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ပြီး နောက်ထပ်(၇)ရက် အိမ်မှာသာနေထိုင်ခြင်းဖြင့် ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ပါ။
၁၁။ နှာချေ/ချောင်းဆိုးတဲ့အခါမှာ အသုံးပြုထားတဲ့ တစ်ရှူးတွေကို အဖုံးပါတဲ့ အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။ ၁၂။ သင်၏ ခရီးသွားရာဇဝင်ကို ဆရာဝန်အား တိကျမှန်ကန်စွာ ပြောပြပါ။
၁၃။ တတ်နိုင်သမျှ လူ (၅) ဦး အထက်စုဝေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ ၁၄။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးလိုပါက တိုက်ကျွေးနိုင်ပါတယ်။
၁၅။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းများ ဖြစ်ပါက နီးရာကျန်းမာရေးဌာနကို ချက်ချင်းဆက်သွယ် ကုသမှုခံယူပါ။ ၁၆။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိရောက်စွာ ကာကွယ်ဖို့ စည်းကမ်းမဲ့ တံတွေး/သလိပ်ထွေးခြင်းနဲ့ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပါ။
၁၇။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်၊ အသားဓာတ်နှင့် ဓာတ်တိုးကာကွယ်သည့် ဓာတ်များ ကြွယ်ဝစာပါဝင်ပြီး သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်သော အစားအစာများကို နေ့စဉ် စားသုံးပါ။ ၁၈။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေတဲ့ သတင်းများနဲ့ လမ်းညွှန်ချက်များကို ယုံကြည်လိုက်နာပါ။
၁၉။ တတ်နိုင်သမျှ အိမ်မှာပဲနေပါ။ (အထူးသဖြင့် အသက် (၆၀) နှစ် အထက်နှင့် နာတာရှည် ရောဂါရှိသူများ) ၂၀။ (၆) ပေ အကွာမှ ‌ဈေးဝယ်ပါ။

 

 
 

More Tags