ကယားပြည်နယ်၊ လောပိတလျှပ်စစ်ဓါတ်အားပေးစက်ရုံ (၂) ရုံကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

လွိုင်ကော်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၁ ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ဘီလူးချောင်း အမှတ်(၁) နှင့် အမှတ်(၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ (၂)ရုံသို့  COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို (၁၁-၅-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ တင်ဝမ်း၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသည် စစ်ဆေးခြင်းပုံစံများဖြင့် စက်ရုံ(၂)ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။ စက်ရုံများရှိ ပြင်ဆင်ထားရှိမှုများကို စစ်ဆေးပြီး လိုအပ်ချက်များကို အကြံပြုခြင်းနှင့် စက်ရုံများကို ဆက်လက်လုပ်ဆောင်ရန် သင့်/မသင့်မှတ်ချက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags