လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးလက်ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံနှင့် မောင်းမကန်ရွာ၌ ဖွင့်လှစ်ထားသည့် COVID 19 ရောဂါ စောင့်ကြည့်ရေး Quarantine စခန်းများသို့ ကွင်းဆင်းကြည့်ရှု

လောင်းလုံးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၉) ရက်

     တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းသည် (၉-၅-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးလက်ကျန်းမာရေးဌာန၊ မောင်းမကန်တိုက်နယ် ဆေးရုံနှင့် မောင်းမကန်ရွာ၌ ဖွင့်လှစ်ထားသည့် COVID-19 ရောဂါ စောင့်ကြည့်ရေး Quarantine စခန်းကို စစ်ဆေးသည်။ တိုင်းဒေသကြီး ဦးစီးမှူးသည် ပထမဦးစွာမောင်းမကန်ကျေးရွာ၊ ကျေးလက်ကျန်းမာရေး ဌာနသို့ ရောက်ရှိပြီး ကျေးလက်ကျန်းမာရေးဌာန ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆေးနှင့် ဆေးပစ္စည်းများသိုလှောင်ထားရှိမှုကိုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားပါသည်။ ထို့နောက် မောင်းမကန်တိုက်နယ်ဆေးရုံသို့သွားရောက်ကာ ကုသရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကိုစစ်ဆေးပါသည်။ ထို့နောက် မောင်းမကန်ရွာ၌ ဖွင့်လှစ်ထားသည့် COVID 19 ရောဂါ စောင့်ကြည့်ရေး Quarantine စခန်းကိုစစ်ဆေးပါသည်။

More Tags