မွန်ပြည်နယ် မော်လမြိုင်မြို့ နေရပ်ပြန်များ ထားရှိမည့် Community based facility quarantines တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများ ကွင်းဆင်း ဆောင်ရွက်

မော်လမြိုင်မြို့၊ ၂၀၂၀ ခုနှစ်၊ မေလ (၈) ရက်

     မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်းစနစ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မော်လမြိုင်မြို့တွင် နေရပ်ပြန်များ ထားရှိမည့် Community based facility quarantines ၌ ပြည်နယ် ရပကနအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ ပူးပေါင်း၍ ကာကွယ်ရေးနည်းလမ်းများဖြစ်သော ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းများ (ဖုံး၊သွန်၊လဲ၊စစ်)၊ မသွန်မလဲလှယ်နိုင်သော ရေတိုင်ကီနှင့် အုတ်ကန်များကို ပိုးလောက်လန်းသေဆေး (Abate) ခပ်ခြင်းစသည်တို့ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

 


     နေရပ်ပြန်များအတွက် မော်လမြိုင်မြို့ အဆောက်အဉီ (၇) နေရာတွင် Community based facility quarantine များအဖြစ် လူပေါင်း (၃၀၅၀) ဦးအတွက် ထားရှိရန် ပြင်ဆင် ဆောင်ရွက် ထားပါသည်။ ထိုလုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရန) ‌ဒေါက်တာ သံလွင်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး (ရပကန) ‌ဒေါက်တာစည်သူရဲနောင်တို့က ကွင်းဆင်းကြီးကြပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

 

More Tags