COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (9-5-2020, 9:00PM)

၁။ (၉-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယအသုတ် အဖြစ် ဓာတ်ခွဲနမူနာ (၁၈၀) ခု ကို စစ်ဆေးပြီးစီးခဲ့ရာတွင် -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ (၉-၅-၂၀၂၀) ရက်နေ့၊ ည (၉:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၈) ဦးရှိပြီဖြစ်ပါသည်။

၃။ ယနေ့အထိ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၄၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၉-၅-၂၀၂၀) ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၆၈) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၈၅) ခု၊ စုစုပေါင်း (၄၅၃)ခု အား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၆။ ယနေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန် မရှိတော့ပါ။

 

More Tags