COVID-19 Acute respiratory disease ရောဂါနှင့် ပတ်သက်၍ ခုတင်-၁၀၀ ဆံ့ ပြည်သူ့ဆေးရုံများမှ မေ့ဆေးပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် Video Conferencing ပြုလုပ်ခြင်း

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်

     COVID-19 Acute Repiratory Disease နှင့်ပတ်သက်၍ လူနာများအား ဆေးကုသမှုဆောင်ရွက်ရာတွင် အထူးကြပ်မတ်ကုသမှုများ လိုအပ်လာပါက ထိရောက်စွာ ကုသနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန်အတွက် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများ၊ ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး)၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး)(ငြိမ်း) ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံကြီးနှင် အထူးကြပ်မတ်ကုသမှုများ တာဝန်ယူဆောင်ရွက်နေသည့် မေ့ဆေးပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ခုတင်(၁၀၀)နှင့် အထက် ပြည်သူ့ဆေးရုံများမှ မေ့ဆေးပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်များ ပါဝင်သော Video Conferencing ပြုလုပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက် နေ့၊ နေလယ် (၁:၀၀)နာရီမှ နေ့လယ် (၃:၀၀)နာရီ အထိ ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ Video Conferencing ပြုလုပ်ရာတွင် (၅၀)ဦး ခန့် ပါဝင်ခဲ့ပြီး ခုတင်(၁၀၀)ဆံ့ ပြည်သူ့ ဆေးရုံများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ အတွေ့အကြုံများဆွေးနွေးခြင်း၊ မေ့ဆေးပညာ ပါမောက္ခများ၊ COVID-19 ရောဂါ လူနာများနှင့် အတွေ့အကြုံရှိပြီးဖြစ်သည့် အထူးကုဆရာဝန်ကြီးများ မှ ပြန်လည်ဆွေးနွေးပေးခြင်း၊ အထူးကြပ်မတ်ကုသမှုဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက် အလက်များ ရှင်းလင်းပြောကြားခြင်းနှင့် အထူးကြပ်မတ်ကုသမှုများ လုပ်ငန်းဆောင်ရွက်မှု ပိုမိုတိုးတက်လာရေး ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags