တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှစစ်သည်များမှ COVID-19 ကာကွယ်ရေးအထောက်အကူပြု ဆေးရုံသုံးပစ္စည်းများလှူဒါန်း

တနင်္သာရီ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၈ ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ (၈-၅-၂၀၂၀) ရက်နေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ အရာရှိ အရာခံ အကြပ် စစ်သည်များ များလှူဒါန်းသော  Pulse  Oxymeter (၁) လုံး၊ Infrared Thermometer (၄) ခု၊ Hand gel (၁၁) ဘူး၊ Surgical  Glove (၂၉၇) ခု၊ လက်ဆေးဆပ်ပြာ (၃၉) တို့ကို နယ်မြေခံတပ်မှ တပ်ရင်းမှူးနှင့်အဖွဲ့မှ လာရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပါသည်။

More Tags