COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (5-5-2020, 11:15PM)

၁။ (၅-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၉၂) ခုတွင် -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

သို့ဖြစ်ပါ၍ ယနေ့ (၅-၅-၂၀၂၀) ရက်နေ့တွင် စစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၉၂) ခုတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ (၅-၅-၂၀၂၀) ရက်နေ့၊ ည (၁၁:၁၅)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီ ဖြစ်ပြီး၏ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၉) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၄။ (၅-၅-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန် မရှိတော့ပါ။

 

 

More Tags