ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာတွင် COVID-19 ရောဂါအကြောင်း ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာရေးပညာ‌ပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်‌ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ချောင်းဦး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၉ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငါးလုံးတင်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်နေ့၌ မကျီးခွ ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ ကျေးရွာပရဟိတအဖွဲ့တို့နှင့် ပူးပါင်းကာ COVID-19 ရောဂါအကြောင်း ကာကွယ်ရေးနည်းလမ်းများ ကျန်းမာရေးပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရွာလုံးကျွတ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags