COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (30-4-2020, 7:00 am)

၁။ (၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ (ဒုတိယအသုတ်) အဖြစ် စစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၁၈၄) ခုတွင် -

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ သို့ဖြစ်ပါ၍ (၃၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ (၁၅၀) ဦးရှိပြီဖြစ်ပါသည်။

၃။ (၂၉-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို -

• ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၁) ခုအားလည်းကောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၇၃) ခုအား (၂) သုတ်ခွဲ၍လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ရောဂါပိုးကင်းစင်လာမှု အခြေအနေအား ပုံမှန်စစ်ဆေးလျက်ရှိပါသည်။

 

 

 
 

More Tags