ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်စည်ပင်ဧည့်ရိပ်သာရှိ Facility Quarantine Site သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်

     နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ Quarantine Officer ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာနှင့်အဖွဲ့သည် ပိတ်ရက်ပြန်ဝန်ထမ်းများအား Facility Quarantine ထားရှိရာ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် Facility Quarantine Site တွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား အားပေးစကား ပြောကြားခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့များအား လိုအပ်ချက်များမေးမြန်း၍ ဖြည့်ဆည်းပေးခြင်းနှင့် လက်ရှိဆောင်ရွက်နေသော အခြေအနေများအား ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

More Tags