COVID-19 ဓာတ်ခွဲအတည်ပြုလူနာအမှတ် (Case – 110) သေဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (29-4-2020, 1:00PM)

     (၁၉-၄-၂၀၂၀)ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုခဲ့ပြီး (၂၀-၄-၂၀၂၀) ရက်နေ့မှစတင်၍ တောင်ဥက္ကလာပ အထူးကုဆေးရုံ၌ တက်ရောက်ကုသမှုခံယူကာ (၂၂-၄-၂၀၂၀) ရက်နေ့မှစ၍ အထူးကြပ်မတ် ကုသခံယူခဲ့ရသည့် သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိသူ အသက် (၆၃)နှစ်အရွယ် အမျိုးသား (Case-110) သည် (၂၉-၄-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၁၅)နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

     သေဆုံးရသည့်အကြောင်းအရင်းမှာ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်း ဘက်တီးရီးယား ပိုးဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပါသည်။

 
 

More Tags