COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-4-2020, 11:00 pm)

၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယ + တတိယ အသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများတွင် -

• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၁) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ (၂၄-၄-၂၀၂၀) ရက်နေ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ဓာတ်ခွဲစစ်ဆေးမှု (ယနေ့အတွက် စုစုပေါင်း) တွင် -

• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၅) ဦး (ယနေ့အတွက် စုစုပေါင်း)

• COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၃၄၅) ဦးနှင့်

• စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာပေါင်း = (၃၅၀) ခု ဖြစ်ပါသည်။

၃။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၄) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၄။ ယနေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၃) ကြိမ်ခွဲ၍လည်းကောင်း၊

• ဆေးသုတေသနဦးစီးဌာန (DMR) (၁) ကြိမ်ဖြင့်လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၅။ ယနေ့အတွက် ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲစစ်ဆေးမှုအဖြေ သတင်းများမရှိတော့ပါ။

(ဇယားများတွင် ယနေ့အတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှု အားလုံးကို ဖော်ပြထားပါသည်။)

 

More Tags