COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-4-2020, 8:00 pm)

၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည (၈) နာရီအချိန်အထိ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများမှာ -

• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၄) ဦး
• COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၁၆၃) ဦးနှင့်
• စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာပေါင်း = (၁၆၇) ခု ဖြစ်ပါသည်။

၂။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၃) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သည့်လူနာသစ် (၄) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉)ဦး နှင့် သေဆုံးသူ (၅)ဦးရှိပြီးဖြစ်ပါသည်။ ကျန် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပါသည်။ ၎င်းလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ပေးလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် အထူး ကြပ်မတ်ကုသမှုပေးလျက်ရှိသူ (၁)ဦးရှိပါသည်။

၅။ (၂၃-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၄-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၀၁)ဦး ရှိပါသည်။

 
 

More Tags