မုဒုံ နှင့် သံဖြူဇရပ်မြို့နယ်များတွင် နေရပ်ပြန်များကို ထားရှိမည့် CBFQ များ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအား ကွင်းဆင်းကြည့်ရှု

မုဒုံမြို့၊ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်

     မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာသံလွင်အောင်သည် လက်ထောက်ညွှန်ကြားရေးမှူး (ရပကန) ဒေါက်တာစည်သူရဲနောင်နှင့်အတူ ဧပြီလ (၂၄) ရက်နေ့၌ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်များတွင် နေရပ်ပြန်များကို ထားရှိမည့် CBFQ များ၌ ကျန်းမာရေးကဏ္ဍများ ဆောင်ရွက်ထားသည့် အခြေအနေ နှင့် အ‌ဖျားရောဂါ ကုသမှုဆေးခန်းတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

 

     အဆိုပါ ကွင်းဆင်းကြည့်ရှုခဲ့ရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် နေရပ်ပြန်များ လက်ခံထားရှိမည့် အဆောင်နှင့် အခန်းများ၊ လုံလောက်သော အကျယ်အဝန်း၊ ထားရှိမည့် လူဦးရေ၊ အဖျားတိုင်းတာခြင်းနှင့် သာမာန် နေထိုင်မကောင်းသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် အစီအစဉ်၊ ကျန်းမာရေး‌စောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် လိုအပ်သောဆေးနှင့်ဆေးပစ္စည်း ကိရိယာများ၊ အကာအကွယ်သုံး ပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးနိုင်မှု၊ လိုအပ်ချက် အခြေအနေများ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ တာဝန် ထမ်းဆောင်ရာတွင် စိတ်ဓါတ် ခွန်အား မြှင့်စေရန်နှင့် စိတ်ညစ်စရာ စိတ်ရှုပ်စရာများကို လျော့ကျစေရန် အတွက် အားပေးစကားများ ပြောကြားခြင်း၊ နေရပ်ပြန်များအတွက် အုပ်ချုပ်ရေးပိုင်းမှ စီစဉ်ဆောင်ရွက်ထားသည့် စားသောက်ရေးတို့တွင် ဘေးကင်းလုံခြုံစိတ်ချစွာရရှိနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ သတ်မှတ် CBFQ များတွင် အုပ်ချုပ်ရေးပိုင်း၊ စည်းကမ်း ထိန်းသိမ်းရေး၊ လုံခြုံရေးပိုင်းတို့၌ ကျန်းမာရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်၊ ဝန်ကြီးဌာနမှ ထုတ်ဝေထားသော နည်းပညာပိုင်း လမ်းညွှန်ချက်များ၊ ကုသမှု စံထုံးများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို သတ်မှတ် CBFQ များ၌ တာဝန်ကျသူ ကျန်းမာရေးဝန်ထမ်းများတွင် လက်ဝယ်ထားရှိပြီး လေ့လာမှတ်သားရန် အကြံပေးတိုက်တွန်းခြင်း စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

More Tags