နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ Quarantine Officer နှင့်အဖွဲ့သည် အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၁)ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန်နှင့် လိုအပ်ပါက Facility Quarantine သို့ ပို့ဆောင်ရန်အတွက် တာဝန်ယူ ဆောင်ရွက်နေသော နေရာများသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ Quarantine Officer ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာနှင့်အဖွဲ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ နေပြည်တော်ကောင်စီအတွင်းသို့ အဝင်အထွက်များသော ဂိတ်များမှာ ကြို့ပင်သာအနီးဂိတ်၊ ကင်းသာဂိတ်၊ တပ်ကုန်း ၁၀၉ ခမရ အနီးဂိတ်၊ ပိန္နဲပေါက်ဂိတ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း စီလမ်းဆုံ၊ သာဝတ္ထိအနီးဂိတ်၊ ရွာတော်ဘူတာ၊ အေလာ ဘူတာ၊ ပျဉ်းမနားဘူတာ တို့ ဖြစ်ပြီး Quarantine Officer များထားရှိ၍ ၎င်းဦးဆောင်သော ကျန်းမာရေးအဖွဲ့များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီမှ ထုတ်ပြန်ထားသော လမ်းညွှန်မှုများ အတိုင်း (၂၄) နာရီ တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။

 

 

More Tags