COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (18-4-2020, 9:00 PM)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၄) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၉၂) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ အဆိုပါလူနာ (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၃။ (၁၈-၄-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် (၄) ဦးအား (ဇယား-၁) တွင်ဖော်ပြထားပါသည်။

၄။ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၉၈) ဦးရှိပြီဖြစ်ပါသည်။


 
 

More Tags