COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (16-4-2020, 10:00 AM)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့် လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃) နာရီအချိန် ထုတ်ပြန်ချက်အရ ကျန်ရှိသည့် (၂၇၂) ဦး၏ ဓာတ်ခွဲနမူနာများအနက် ဇယား (၁) ၌ ဖော်ပြထားသော (၁၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၄။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှု ပေးသွားမည်ဖြစ်ပါသည်။

 

More Tags