Reorientation workshop on central level supervisors / central RRT on COVID- 19 surveillance and responses ဆောင်ရွက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁၂) ရက်

     COVID-19 ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်ရောဂါအသွင်ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန (ဗဟို) မှ အထောက်အကူအဖွဲ့ဝင်များအား နည်းပညာဆိုင်ရာများ၊ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တွင် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများအား “Reorientation Workshop on central level supervisors / central RRT on COVID - 19 surveillance and responses” ကို (၁၂-၄-၂၀၂၀) ရက်နေ့တွင် WHO office၊ UMFCCI  ၌ ပြုလုပ်ခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ သင်တန်းသား စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါသည်။

 

     ၎င်းသင်တန်းတွင် ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒေါက်တာဉာဏ်ဝင်းမြင့်၊ ဒေါက်တာအောင်မြတ်ဌေးနှင့် ဒေါက်တာအိအိဇာနည်တို့မှ central level RRT အဖွဲ့၏ တာဝန်ဝတ္တရားများ၊ surveillance and Investigation including data management improvement များအကြောင်း၊ Contact tracing နှင့် Quarantine တို့၏ Guideline များ၊ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာတင့်တင့်ကြည်မှ Clinical Management of COVID -19၊ isolation ward များ ပြင်ဆင်ဆောင်ရွက်ရမည့် guideline များအကြောင်း၊ ဒေါက်တာခိုင်ဝင်းထွန်း (Microbiologist) မှ Laboratory surveillance နှင့် specimen collection များပြုလုပ် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့် PPE ဝတ်စုံများနှင့် ပတ်သက်၍ Video များဖြင့် ရှင်းလင်းပြောကြားခြင်း၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်မွန်သန်းမှ Hospital Infection Prevention and Control များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ဦးအောင်မင်းမှ risk communication အကြောင်း၊ သင်ကြားပို့ချခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

 
 
 

More Tags