COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများ သိရှိစေရန် အချက်အလက်များနှင့် သတင်းပေးပို့ရန်
(COVID-19 Contact Tracing and Reporting)

  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းအတွက် ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာ တားမြစ်ပိတ်ပင်ကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြုံပြုချက်များအပေါ် မူတည်၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ၏ ရောဂါလက္ခဏာများ စတင်မပြသမီ (၂)ရက်နှင့် ရောဂါလက္ခဏာပြသပြီး (၁၄) ရက်အတွင်း လူနာနှင့် အနီးကပ် ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
  • အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူ အိမ်သားများနှင့် ၎င်းတို့ တည်းခိုနေထိုင်ခဲ့ရာနေရာများ၊ လုပ်ငန်းအတူဆောင်ရွက်ခဲ့သူများ၊ အနီးကပ်ထိတွေ့သူများ၊ ခရီးစဉ်အတွင်း အတူတကွသွားရောက်ခဲ့သူများအား နေအိမ်တွင်တိကျစွာ အသွားအလာကန့်သတ်ခြင်း (Strict home quarantine) ပြုလုပ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ထိုသို့စောင့်ကြပ်ကြည့်ရှုရာတွင် အိမ်သားများအပါအဝင် ပြည်သူလူထုအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အထူးလိုအပ်ပါသည်။
  • သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများ၏ ရောဂါလက္ခဏာများ စတင်မပြသမီ (၂)ရက်နှင့် ရောဂါလက္ခဏာပြသပြီး (၁၄)ရက်အတွင်း အများပြည်သူများနှင့် ထိတွေ့ဆက်စပ်မှုရှိနိုင်သည့် နေရာများသို့ သွားရောက်ခဲ့မှုအား ထုတ်ပြန်လျက်ရှိရာ ၎င်းလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

COVID-19 ပိုးတွေ့လူနာများ သွားလာနေထိုင်ခဲ့သော ခရီးနေရာများ

C - 151 ဓာတ်ခွဲအတည်ပြုလူနာ

အသက် - (၂၅) နှစ်၊ မ
နေရပ်လိပ်စာ - အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ရောဂါလက္ခဏာဖြစ်ပွားခြင်း - နှာစေးခြင်း၊ အနံ့ပျောက်ခြင်း
ရောဂါလက္ခဏာစတင်ဖြစ်ပွားသည့်ရက် - ၂၄-၄-၂၀၂၀
ပြသခဲ့သည့်ဆေးရုံ - Fever clinic မှတဆင့် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး
ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခြင်း - မရှိ
ဓာတ်ခွဲအတည်ပြုသည့်ရက်စွဲ - ၁-၅-၂၀၂၀
ပြည်ပခရီးသွားရာဇဝင် - မရှိ
အတူနေမိသားစုဝင် - (၆) ဦး
ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ အဆိုပါလူနာအား တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။
လူနာနှင့်အနီးကပ်ထိတွေ့သူများအား အသွားအလာတားမြစ်ပိတ်ပင်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပြီးဖြစ်ပါသည်။

ခရီးသွားရာဇဝင်
ရောဂါလက္ခဏာာမပေါ်မီ (၂) ရက်နှင့် ရောဂါလက္ခဏာပေါ်ပြီးနောက် Fever clinic (အင်းစိန်) သို့သွားခြင်းမှအပ ပြင်ပသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းသိရှိရပါသည်။

 

C - 150 ဓာတ်ခွဲအတည်ပြုလူနာ

အသက် - (၁၈) နှစ်၊ မ
နေရပ်လိပ်စာ - ဟားခါးမြို့နယ်၊ ချင်းပြည်နယ်  
ရောဂါလက္ခဏာဖြစ်ပွားခြင်း - မရှိ
ပြသခဲ့သည့်ဆေးရုံ - မရှိ
ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခြင်း - မရှိ
အသွားအလာကန့်သတ်သည့်ရက်စွဲ - ၁၆-၄-၂၀၂၀ (ဟားခါးမြို့)
ဓာတ်ခွဲအတည်ပြုသည့်ရက်စွဲ - ၂၉-၄-၂၀၂၀
ပြည်ပခရီးသွားရာဇဝင် - ရှိ (တရုတ်နိုင်ငံ)
ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ အဆိုပါလူနာအား ဟားခါးပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။
အနီးကပ်ထိတွေ့ခဲ့သူများအား အသွားအလာတားမြစ် ပိတ်ပင်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပြီးဖြစ်ပါသည်။

ခရီးသွားရာဇဝင်

ရက်စွဲ သွားရောက်ခဲ့သည့်နေရာ အသုံးပြုသည့်ယာဉ် မှတ်ချက်
၂၀-၃-၂၀၂၀ တရုတ်နိုင်ငံမှ ရှမ်းပြည်နယ်၊ မူဆယ်မြို့ မူဆယ်မြို့ရှိတည်းခိုးခန်း တစ်ခုတွင် တည်းခိုခဲ့ပါသည်။
၂၁-၃-၂၀၂၀ မနက် (၈:၀၀) နာရီ မန္တလေး ရွှေမန္တလာ အဝေးပြေးယာဉ် မန္တလေးမြို့သို့ (၂၃-၃-၂၀၂၀) ရက်နေ့ မနက် (၁:၀၀) နာရီတွင် ရောက်ရှိခဲ့ပါသည်။
၂၄-၃-၂၀၂၀ မနက် (၈:၀၀) နာရီ ကလေးမြို့ ရွှေမန္တလာ အဝေးပြေးယာဉ် (၂၅-၃-၂၀၂၀) ရက်နေ့ မနက် (၁:၀၀) နာရီတွင် ကလေးမြို့ သို့ရောက်ရှိခဲ့ပါသည်။
၂၄-၃-၂၀၂၀ မှ ၅-၄-၂၀၂၀ ထိ ကလေးမြို့ သူငယ်ချင်းဖြစ်သူ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ပါသည်။
၅-၄-၂၀၂၀ ညနေ (၄:၀၀) နာရီ ဟားခါးမြို့ တောင်ဇလပ်ယာဉ်(အသေး) ဟားခါးမြို့ကားဂိတ်သို့ (၆-၄-၂၀၂၀) ရက်နေ့ နေ့လည် (၁:၃၀) နာရီတွင်ရောက်ရှိခဲ့ပါသည်။
(၆-၄-၂၀၂၀) ရက်နေ့ နေ့လည်(၁:၄၅) နာရီ သီဖူးလ်ကျေးရွာ၊ ဟာခါးမြို့နယ် တောင်ဇလပ်ယာဉ်(အသေး) (၆-၄-၂၀၂၀) ရက်နေ့ နေ့လည် (၃:၃၀) နာရီတွင် ၎င်း၏ဖခင် အိမ်သို့ ရောက်ရှိခဲ့ပါသည်။ (၁၃-၄-၂၀၂၀) ရက်နေ့ထိ နေထိုင်ခဲ့ပါသည်။
၁၃-၄-၂၀၂၀ ဟားခါးမြို့ သီဖူးလ်ကျေးရွာမှ ဟာခါးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

COVID-19 ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိခဲ့ပါက ဆက်သွယ်သတင်းပေးပို့နိုင်ရန် ဖုန်းနံပါတ်များ

 
စဉ် အမည် ရာထူး မြို့နယ် Office Mobile Fax Email ပြည်နယ်/တိုင်းဒေသကြီး SR_Eng Department