ကျိုင်းတုံမြို့တွင် COVID-19 လတ်တလောအဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ပမှပြန်လည်ရောက်ရှိ/ ဝင်ရောက်လာသူများ၏ စာရင်းနှင့်သတင်းအချက်အလက် အတိအကျကောက်ယူခြင်းနှင့် လိုက်နာရမည့်အချက်များအား ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၅) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဦးဆောင်ကာ ခရိုင်နှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်နှင့် ကျေးရွာအသီးအသီးတွင် COVID-19 လတ်တလောအဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးပညာပေးနှင့် အကြံပေးလမ်းညွှန်များအား ဖြန့်ဝေခြင်း၍အသိပညာပေးခြင်း၊ အသံချဲ့စက်များဖြင့် အသိပညာပေးဖြန့်ဝေခြင်း၊ အုပ်စုငယ်များဖြင့် ပညာပေးဟောပြောခြင်း များအပြင် မြို့၊ ကျေးရွာများအတွင်း ပြည်ပမှပြန်လည်ရောက်ရှိ/ ဝင်ရောက်လာသူများအား စာရင်းနှင့်သတင်းအချက်အလက် အတိအကျကောက်ယူခြင်း၊ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသော ဒေသမှပြန်လာသူများ လိုက်နာရမည့်အချက်များအား အသံချဲ့စက်များ၊ Hand Speaker များအသုံးပြုကာ တိုင်းရင်းသား ဘာသာစကားများဖြင့် အသိပညာပေးခြင်းတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။

More Tags