မြဝတီမြို့နယ်တွင် Novel Coronavirus (2019-nCoV) ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပုံကို ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ လိုက်လံကြည့်ရှုစစ်ဆေး

မြဝတီမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၈) ရက်

     Novel Coronavirus (2019-nCoV) ကာကွယ်ရေးအတွက် မြဝတီမြို့နယ်နှင့်နယ်စပ်တစ်ဝိုက် လူဝင်လူထွက်စောင့်ကြည့်သောနေရာများ (မြဝတီနယ်စပ်တံတား ၁ နှင့် မြဝတီနယ်စပ်တံတား ၂) တွင် Thermal Scan နှင့်စစ်ဆေးနေပုံ၊ isolation အဆောင်များ /အခန်းများ ပြင်ဆင်ထားရှိပုံကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ မြဝတီခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာရန်နိုင်ဦး၊ ဒေါက်တာကောင်းဆက်နိုင်(ဦးစီးအရာရှိ) နှင့်အဖွဲ့တို့မှ လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြပါသည်။ သီတဂူချစ်သူဆေးရုံ၊ရွှေကုက္ကိုကျေးရွာ ယခင် DKBA ဆေးရုံဟောင်းသို့လည်းသွားရောက်၍လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။ ထို့နောက် ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင်ရှိသော ကျော်လားဂိတ်နှင့် ဝမ်ဖာဂိတ်သို့လည်းသွားရောက်၍လူဝင်လူထွက်အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

More Tags