ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဝင်ပေါက်ဂိတ်များတွင် Novel Corona virus (2019-nCoV) အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လားရှိုး၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းဆိုင်နွန်းခမ်းဦးဆောင်သော ပြည်နယ်အဆင့် Rapid Response Team သည် (၂၆-၁-၂၀၂၀) ရက်နေ့တွင် 2019 Novel Corona virus (2019-nCoV) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် (၂၆-၁-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့နယ်ရှိ နယ်စပ်ဝင်ပေါက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်သို့ လည်းကောင်း၊ (၂၇-၁-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ နောင်တိန်းဂိတ်နှင့် မန်ဟောင်းဂိတ်သို့လည်းကောင်း ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     ခရိုင်/မြို့နယ်များ၏ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းအတွက် Rapid Response Team ဖွဲ့စည်းထားရှိမှုအခြေအနေ၊ နယ်စပ်ဂိတ်များရှိ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ခရီးသည်များအား ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကျန်းမာရေးပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ လက်ကမ်းစာစောင်များနှင့် ပညာပေး posters များ ပြသမှုအခြေအနေ၊ ဝန်ထမ်းများအား တာဝန်ချထားပေးမှုအခြေအနေ၊ ရောဂါကာကွယ်ရေးဆက်စပ်ပစ္စည်းများဖြစ်သော N95 Mask , PPE , Infrared Thermometer , Hand Gel များလိုအပ်မှု အခြေအနေ များကို ကြီးကြပ်ခဲ့ပြီး ဖြည့်ဆည်းပေးခြင်း၊ ဝန်ထမ်းများအား SOP အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် Universal Precaution ကို လိုက်နာရန် မှာကြားခဲ့ပါသည်။

More Tags