ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့ပေါ်ရှိ ဈေးများအတွင်း 2019 Novel Coronavirus အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုအား Awareness raising လှုပ်ရှားမှုပြုလုပ်

လားရှိုးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်/ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ ပူးပေါင်း၍ လားရှိုးမြို့ပေါ်ရှိ မြို့မဈေးကြီး၊ ဘူတာဈေး၊ လားရှိုးကြီးဈေး၊ ရပ်ကွက်(၅) အောင်မင်္ဂလာဈေးနှင့် ရပ်ကွက်(၈)လုံလော့ဈေးများအတွင်း အများပြည်သူတို့အား 2019-Novel Coronavirus အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေး ပညာပေး ဗီနိုင်းများ ကပ်ခြင်း၊ မြန်မာဘာသာ၊ ရှမ်းဘာသာ၊ ပလောင်ဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ပညာပေး အသံဖိုင်များဖွင့်လှစ်၍ အသိနိုးကြား မြှင့်တင်ခြင်း (awareness raising) ကို (၁၅-၂-၂၀၂၀) စနေနေ့ နံနက်တွင် ပြုလုပ်ခဲ့ကြပါသည်။

 

     Awareness raising ပြုလုပ်သည့်နေရာများသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်တကွ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ပရဟိတ အသင်းအဖွဲ့များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူ သင်တန်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ အားဖြည့်ပါဝင် ကူညီခဲ့ကြပါသည်။

 
 

More Tags