ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေး ဇုန်နယ်မြေအတွင်းရှိ သစ်သီးရောင်းဝယ်ကွင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

လားရှိုးမြို့၊ ၂၀၂၀ပြည့်နှစ်၊မတ်လ(၂၄)ရက်

     မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊   လားရှိုးပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ  ဥက္ကဌ၊ ဦးဇော်ဇော်၏ လမ်းညွန်မှုဖြင့် မူဆယ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ဒုဥက္ကဌဦးစိုးနိုင် (၁၀၅)မိုင် ကြက်ခြေနီအသင်းခွဲမှတပ်ခွဲမှူး ဦးသန့်ဇင် ဦးဆောင်သော ကြက်ခြေနီစေတနာ့ လုပ်အားရှင်များသည် ကုန်သွယ်ရေး ဇုန်နယ်မြေအတွင်းရှိ သစ်သီး ရောင်းဝယ်ကွင်းတွင် မတ်လ(၂၄)ရက် မနက်(၅:၃၀)နာရီအချိန်က စ၍  အသီးလာရောက် ဝယ်ယူရောင်းချတဲ့ တရုတ်ဝယ်လက် ကျား(၂၉၅)ဦး၊ မ(၃၃)ဦး ကျား/မ စုစုပေါင်း တရုတ် ဝယ်လက်(၃၂၈)ဦးတို့နှင့် ကားဆရာ၊    ကုန်သည်ပွဲစား၊ အရောင်းကိုယ်စားလှယ်များကို ကိုယ်ပူချိန် တိုင်းပေးခြင်း၊ လက်များကို လက်ဆေးဂျယ်ဖြင့် ဆေးကြောပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါ  ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင် သော ကုမ္မဏီလိမီတက် သစ်သီးရောင်းဝယ်ကွင်းမှ တာဝန်ရှိ လူကြီးမင်းများက  ကြက်ခြေနီ စေတနာ့လုပ်အားရှင်များအား လိုအပ်သည့် ကျန်းမာရေး အထောက်အကူပစ္စည်းများကို ကူညီ ထောက်ပံ့ပေးခဲ့သည်။

 

 

More Tags