တီဘီရောဂါတိုက်ဖျက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၆) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၂) နာရီ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(လွိုင်ကော်-တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်)တို့ ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း (လွိုင်ကော်-တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်)မှ ဒေါက်တာလဲ့လဲ့ထွန်းက ဆောင်ရွက်လျှက်ရှိသည့် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ တက်ရောက်လာသူများမှ သိလိုသည်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ခံများ၊ ပြင်ပဆေးခန်းမှ ဆရာဝန်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (လွိုင်ကော်-တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်)မှ တာဝန်ခံများ စုစုပေါင်း ( ၂၄ )ဦး တက်ရောက်ခဲ့ပါသည်။

More Tags