"ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ" ပြင်ဆင်ထားရှိမှုအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၁၁) ရက်

     (၁၁-၆-၂၀၁၉) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ "ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ" National Seminar on Strengthening Health Promoting School ကျင်းပပြုလုပ်မည့်  နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) သို့ ကြိုတင်သွားရောက်၍ အခမ်းအနား ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


 

     အဆိုပါနှီးနှောဖလှယ်ပွဲကို "Physically and Mentally Fit Youth for the Brighter Future - ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပ နိုင်ငံ့အလှ" ဆောင်ပုဒ်နှင့်အညီ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းလက်တွဲ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။


 
 
 
 

More Tags