ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 
 
 

 

 
 
 
 
 

နေပြည်တော်၊၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်

          ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာစည်သူ၊ အထူးကုဆရာဝန်များ ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် ဆေးရုံမှတာဝန်ရှိသူများက ကြိုဆိုကြပါ သည်။

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်းဓာတ်မှန်ခန်းများ၊ အတွင်းလူနာဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူနာများအားရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပါသည်။ထို့နောက်ဆေးရုံအုပ်ကြီးနှင့်အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုများက ဆေးရုံလုပ်ငန်းဆောင် ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်သမားများကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ၊ ကွန်ပျူတာဓာတ်မှန်(CT)စက်နှင့် ဓာတ်မှန်စက်များ အမြန်ဆုံးပြန်လည်ပြုပြင်၍ အသုံးပြုနိုင်ရေး လိုအပ်သည်များဆောင်ရွက်ရန်၊ ဆေးရုံကြီးသန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး၊ ဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်သူများစိတ်အေးချမ်းသာစွာဖြင့်ဆေးကုသမှုခံယူနိုင်ရေး ဆေးရုံမှတာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

More Tags