ကြည့်မြင်တိုင်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဆိပ်ကြီးရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေခြင်း
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်တွင် လူနာနေအိမ်နှင့် အိမ်သာပတ်ဝန်းကျင်အား ကလိုရင်းဆေးဖြန်းခြင်းအား ပရဟိတအဖွဲ့များမှ ဆောင်ရွက်နေခြင်း
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ထပ်မံဖြစ်ပွားမှုမရှိစေရေးအတွက် လူနာနှင့်နှင့်ထိစပ်သူများအား ကြိုတင်ဆေးတိုက်ကျွေးခြင်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်းရှိ အစားအသောက်ဆိုင်များ ကျန်းမာရေးနှင့် ညီညွတ်စွာပြင်ဆင်ရောင်းချစေရေး ပညာပေးခြင်းနှင့် လက်ကမ်းစာဆောင်များဝေငှခြင်း
သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် သုံးရေများအား ကလိုရင်းဆေးခပ်ခြင်း
သာကေတမြို့နယ်၊ အနော်မာလမ်းတွင် Community Clinic ဖွင့်လှစ်၍ ကုသမှုပေးခြင်း
တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်တွင် contact treatment prophylaxis ဆေးတိုက်ကျွေးခြင်း
လှိုင်သာယာမြို့နယ်၊ (၂၂) ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
လှည်းကူးမြို့နယ်၊ လှေလှော်အင်းကျေးရွာသို့ ကွင်းဆင်း၍ Chlorination ဆောင်ရွက်ခြင်း၊ ရေသန့်ဆေးပြားများဖြန့်ဝေခြင်း၊ အိမ်သာပတ်ဝန်းကျင်အားထုံးဖြူးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးခြင်း
ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးရုံးတွင် ဘိုကလေးဈေးပတ်ဝန်းကျင်ရှိ လမ်းဘေးစျေးသည်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ရေသန့်ဆေးပြားများ၊ pamphlet များဝေခြင်း၊ လက်ဆေးဆပ်ပြာများပံ့ပို့ပေးခြင်း
အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ စည်ပင်ကွန်တိန်နာဝန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပညာပေးဟောပြောခြင်းနှင့် စနစ်တကျ လက်ဆေးနည်းအား သရုပ်ပြခြင်း
စမ်းချောင်းမြို့နယ်၊ စမ်းတောင်ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ရေကန်များအား ကလိုရင်းဆေးခပ်ခြင်း၊ ရေသန့်ဆေးပြားပေးဝေခြင်း၊ လက်ကမ်းစာစောင်ပေးခြင်း
လသာမြို့နယ်၊ (၂၂)လမ်းတွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် လက်သန့်ဆေးရည်၊ လက်ကမ်းစာစောင်များ၊ ရေသန့်ဆေးပြားများအား ဖြန့်ဝေခြင်း
ခရမ်းမြို့နယ်၊ (၈) ရပ်ကွက်သို့ မြို့နယ် RRT team မှ သုံးရေများအား Chlorination ပြုလုပ်ခြင်း၊ ရေသန့်ဆေးပြားများဝေပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ထုံးဖြူးခြင်းများ ဆောင်ရွက်ခြင်း