တိုင်းရင်းဆေးပညာဦးစီးဌာန ချင်းပြည်နယ်ဦးစီးဌာနမှူးရုံး၊ ဟားခါးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင ့်လှစ်သည့် ပဏာမကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ဧပြီ ၂ ရက်
     ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ချင်းပြည်နယ်ဦးစီးဌာနမှူးရုံး၊ ဟားခါးခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံ တိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၅-၃-၂၀၂၄ ရက်နေ့တွင် ဟားခါးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က  တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါသည်။

 

     ချင်းပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးပညာရပ်သည် ကောင်းမွန်တဲ့ သမိုင်းအစဉ်အလာများနဲ့အတူ ပြည်သူလူထုကို ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တောရော၊ မြို့ပါ မကျန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဟူသည့် ဆောင်ပုဒ်အတိုင်း ခန္ဓာကိုယ်အတွက် သင့်တော်သည့် လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်ရန်နှင့် သိရှိလိုက်နာ စေရန်တို့ကို ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။                                                  

 

     ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ချင်းပြည်နယ်ဦးစီးဌာနမှူး ဒေါ်နီနီခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများကို နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

More Tags