ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၅
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


 

ဦးစွာ အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦတို့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။


 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးကဏ္ဍအနေဖြင့် ကုသရေးကဏ္ဍကို နေပြည်တော်အတွင်းရှိ အထူးကုဆေးရုံကြီးများ၊ ဆေးရုံကြီးများတွင် ဆေးအမျိုးအစားစုံလင်ပြီး အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုများ ပေးနေခြင်း၊ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူတိုင်းအခြေခံကျန်းမာရေးကောင်းမွန်ရန်အတွက် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပါဝင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ မိမိတို့ဒေသအတွင်းမှာရှိသည့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။


 

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။


 

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့အား နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး က ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။


 

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့အား နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး က ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။


 

More Tags