လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးလေးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ (6-10-2023)

ရန်ကုန်၊  (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာတို့နှင့်ပူးပေါင်းပြီး(၆-၁၀-၂၀၂၃))ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးလေးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)သို့သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     ဟောပြောပွဲတွင်အမျိုးသမီးများတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး အရေးကြီးကြောင်းဟောပြောခဲ့ပြီး တက်ရောက်သူဦးရေမှာ ၁၂၀ ဦးရှိပါသည်။ ဟောပြောပွဲအပြီးတွင် ဌာနရှိအမျိုးသမီးလေးများအားလက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး လူကြီး (မ) ၇၂ ဦးကိုကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။

More Tags