မောင်တောဒေသအတွင်းသို့ စတင်၍ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ - Provision of Health Care Services on Frist Time Repatriation of Returnees in Maungdaw Township

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့

     ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော (၂၀၁၇) ခုနှစ်၊ သြဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ်အပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသော လူများအနက်မှ ပထမဦးဆုံးအကြိမ်အဖြစ် အာဖာတာနှင့် မိသားစုဝင် (၄) ဦးတို့သည် တောင်ပြိုလက်ဝဲလက်ခံရေးစခန်းမှတစ်ဆင့် (၁၄-၄-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပြန်လည်ဝင်ရောက်လာခဲ့ရာ အသင့်ပြင်ဆင်ထားရှိသော တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွင် မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရန်လင်းကျော်ဦးဆောင်သော ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။

     ဆေးအဖွဲ့သည် မိသားစု (၅) ဦးတို့အား ကူးစက်မြန်ရောဂါများ၊ တီဘီ အစရှိသော ကူးစက်ရောဂါများနှင့် သွေးတိုး၊ ဆီးချို၊ နှလုံးအစရှိသော မကူးစက်နိုင်သော နာတာရှည်ရောဂါများ ဖြစ်ပွားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အာဟာရချို့တဲ့မှုလက္ခဏာများ စစ်ဆေးခြင်းအပါအဝင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ သာမန်ခရီးပန်းခြင်းအပေါ် လိုအပ်သာကုသမှုများပေးခဲ့ပြီး သံချဆေးတိုက်ကျွေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသော လူများအား ပြန်လည်လက်ခံရာတွင် “ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစီမံချက်”နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံချက်များက သီးခြားပြုစုထားသော “လုပ်ငန်းလမ်းညွှန်”များအတိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


 

     Mr Ar Fa Tar and four family members came back to Myanmar through Taung-Pyo-Letwel Repatriation Center on 10:30 am, 14th April 2018. Ministry of Health and Sports (MOHS) Medical Team led by Dr. Yan Linn Kyaw from Maungdaw Township Health Department provided health care services to the returnees.

     The Medical Team checked and assessed health condition including detection of communicable diseases and non-communicable diseases, nutrition assessment and found all of them in good health. The Medical Team prescribed for fatigue and provided deworming and health education.

     MOHS has developed Health Care Plan, Specific SOP and Guideline in provision of health care services to repatriation process and will continue its services in accordance with those Plan and SOP.