ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ COVID-19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁.၄.၂၀၂၀) ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထင်လင်း၏ ဦးဆောင်မှုဖြင့် COVID-19 ရောဂါနှင့်ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ COVID-19ရောဂါနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာစီမံချက်နှင့်တကွ လုပ်ဆောင်ထားရှိမှုများကိုပါ ဆွေးနွေးတင်ပြခဲ့ သည်။

 

     ထို့နောက် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့မှလည်း မိမိတို့၏မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များ၊ အားနည်းချက်များနှင့် အားသာချက်များကို အသီးသီးတင်ပြခဲ့သည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထိန်လင်းနှင့် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်တို့မှလည်း နှီးနွယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုကာကွယ် တားဆီးရေးလုပ်ငန်းများကို ထိထိရောက်ရောက် လျင်လျင်မြန်မြန်ဆောင်ရွက်ရန်၊ အသွားအလာကန့်သတ်ခြင်း(Quarantine)ဆိုင်ရာ ကိစ္စရပ်များတွင် လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန်၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပို့ပေးရန်၊ နှင့်စေတနာ့ဝန်ထမ်းများ၏ အကူအညီကို ရယူနိုင်ရန် လမ်းညွှန်မှုပေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ နှင့်ပြည်နယ်ရှိတာဝန်ရှိသူများအားလုံး စုစုပေါင်း (၂၃)ဦးတက်ရောက်ခဲ့ပါသည်။

More Tags