စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်၊ ခန္တီးနှင့် ဘုတလင်မြို့နယ်များတွင် (Mask Campaign) ဆောင်ရွက်ခြင်း (8-7-2021)

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသည် ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေ မြင့်မားသော လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်အသီးသီးရှိ ဈေး၊ ဘဏ်၊ လမ်းဆုံ၊ ကားဂိတ်၊ မြို့အဝင်အထွက်ဂိတ် စသည့် နေရာများတွင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းအခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)များကို ဆောင်ရွက်လျက်ရှိပါသည်။


 

     အောက်ဖော်ပြပါမှတ်တမ်းဓာတ်ပုံများမှာ ၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်၊ ခန္တီးနှင့် ဘုတလင်မြို့နယ်များတွင် (Mask Campaign) ဆောင်ရွက်ခြင်း မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါသည်။


 

More Tags