ပြည်သူသို့ အသိပေးပန်ကြားချက် (15-7-2021)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပါ လုပ်ပိုင်ခွင့်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နင်းရေးအတွက် အမိန့်များထုတ်ပြန်လျက်ရှိပါသည်။

၂။ ၂၀၂၁ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အဆိုပါအမိန့်များတွင် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကြေညာခြင်းများအပါအဝင် မည်သည့်အမိန့်စာတွင်မှ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ပိတ်သိမ်းကြောင်းမပါရှိခဲ့ပါ၊

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်(၂)ရက်အား အများပြည်သူ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာအမှတ် (၂၁၁/၂၀၂၁)တွင်လည်း ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ပိတ်သိမ်းကြောင်းလုံး၀မပါရှိခဲ့ပါကြောင်းနှင့် အဆိုပါကြေညာချက်၌ အများပြည်သူလိုက်နာနေထိုင်ရမည့် စည်းကမ်းချက်များတွင် အမှတ်စဉ်(ဂ)၌ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ရောင်းချသွားရန်နှင့် အမှတ်စဉ် (င) တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ )ဟူ၍ ဖော်ပြပါရှိပါကြောင်းအသိပေးအပ်ပါသည်။

၄။ ထို့အပြင် ကောလာဟလသတင်းအမှားများကြောင့် ဈေးကွက်အတွင်း ကြက်ဥများဝယ်လိုအား များပြားလျက်ရှိပြီး ရှားပါးဈေးတက်ချိန်တွင် ကြက်ဥအစားထိုးအဖြစ်စားသုံးနိုင်သော အစားအစာများ၏ အာဟာရတန်ဘိုးများအား ဇယားဖြင့် ပူးတွဲဖော်ပြအပ်ပါသည် -

More Tags