ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign) များပြုလုပ်လျှက်ရှိ

နေပြည်တော်၊ ဇူလိုင်လ(၄)ရက်
       ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်၍ ရောဂါကွင်းဆက်များဖြတ်တောက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပါးစပ်နှင့်နှာခေါင်းစည်း (surgical mask) အရေအတွက်စုစုပေါင်း ၁၂,၀၅၀,၀၀၀ (တစ်ဆယ့်နှစ်သန်းငါးသောင်း)ခုကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများထံသို့ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။
       အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း (surgical mask)များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသည် ရောဂါကူးစက်နိုင်ခြေမြင့်မားသော လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်အသီးသီးရှိ ဈေး၊ ဘဏ်၊ လမ်းဆုံ၊ ကားဂိတ်၊ မြို့အဝင်အထွက်ဂိတ် စသည့်နေရာများတွင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ရောဂါကာကွယ်ရေးကျန်းမာရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းအခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)များ ဆောင်ရွက်လျှက်ရှိပါသည်။




 
 

 

 
 

More Tags