COVID-19 ရောဂါ ကုသရေးဌာန (မရမ်းကုန်း) အင်းယား စင်တာစတင်ဖွင့်လှစ်

နေပြည်တော် ၂၀၂၁ခုနစ် ဇူလိုင် (၄) ရက်
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာအား ယနေ့တွင်စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် COVID-19 ရောဂါ အတည်ပြုလူနာ (၂၄)ဦးအား စတင်ကုသပေးနေပြီဖြစ်ပါသည်။ COVID-19 ရောဂါ ကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာအနေဖြင့် လူနာစုစုပေါင်း (၅၀၀)ခန့်အား လက်ခံကုသပေးနိုင်မည်ဖြစ်ပြီး လူနာများအတွက်လုံလောက်သည့် Oxygen ရရှိနိုင်ရန်စီစဉ်ဆောင်ရွက်ထားကြောင်းနှင့်  မကြာမီရက်ပိုင်းအတွင်း COVID-19 ကုသရေးဌာန(သုဝဏ္ဏ)ကိုလည်း အမြန်ဆုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




 
 

More Tags