ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ မေးမြန်းစုံစမ်းရန်ဌာန(Call Center)မှ ပြည်သူများ သိရှိလိုသည်များကို ဖြေကြားပေးလျက်ရှိ


 

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာများ၊ လိုက်နာဆောင်ရွက်ရန် အချက်အလက်များနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် သိရှိလိုသည် များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဖြေကြားနိုင်ရန်အတွက် (၂၂-၆-၂၀၂၁)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်-၄၊ နေပြည်တော်တွင် သတင်းအချက်အလက်များ မေးမြန်းစုံစမ်းရန်ဌာန(Call Center)အား ဖွင့်လှစ်ထားရှိလျက်ရှိပါသည်။

     သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိမိတို့သိရှိလိုသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သတင်းအချက်အလက်များ မေးမြန်းစုံစမ်းရန်ဌာန (Call Center)ရှိ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ နေ့စဉ်နံနက်(၀၈:၀၀)နာရီမှ ည(၂၁:၀၀)နာရီအတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်-

(၁) ၀၆၇-၃၄၁၁၅၀၈

(၂) ၀၆၇-၃၄၁၁၅၀၉

(၃) ၀၆၇-၃၄၁၁၁၄၄

(၄) ၀၉-၈၈၂၅၅၇၉၉၁

(၅) ၀၉-၈၈၂၅၅၇၉၉၂

(၆) ၀၉-၈၈၂၅၅၇၉၉၃

 

More Tags