ဘားအံပညာရေးကောလိပ်ကို ဆေးလိပ်ငွေ့ကင်းစင် ကောလိပ်ဖြစ်ကြောင်း ကြေညာခြင်းနှင့် လူငယ်နှင့်မျိုးဆက်ပွား ကျန်းမာရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်

ဘားအံမြို့၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၇)ရက်

      ဘားအံပညာရေးကောလိပ်ကို ဆေးလိပ်ငွေ့ကင်းစင် ကောလိပ်ဖြစ်ကြောင်း ကြေညာခြင်းနှင့် လူငယ်နှင့် မျိုးဆက်ပွား ကျန်းမာရေးလှုပ်ရှားမှု အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင်  ဘားအံပညာရေး ကောလိပ်၊ သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  ဘားအံနည်းပညာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဝင်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်မှ   သင်တန်းပြုလုပ် ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။


     ဆက်လက်၍ စိတ်ကျန်းမာအထူးကုဆရာဝန်ကြီး ဒေါက်တာစိုင်းကျော်ခမ်းလောင်ဝ်မှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သတ်၍လည်းကောင်း ဒေါက်တာမေဦးခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မကူးစက်) မှ ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်နှင့် ပတ်သက်၍လည်းကောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပါသည်။


     အဆိုပါ အခမ်းအနားကို အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘားအံပညာရေးကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အယောက် ၈၀၀ခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ကျန်းမာရေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီး/ အရက်/ မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မအခြေပြု အကြမ်းဖက်မှု၊ မကူးစက်နိုင်သော ရောဂါများ၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှု ဘဝပုံစံ အစရှိသော ခေါင်းစဉ်များနှင့် ပတ်သက်သည့် မေးခွန်းများကိုဖြေဆိုပြီး လက်ဆောင်ရယူခြင်း အစီအစဉ်များ၊ ဆီးချိုသွေးချိုရောဂါ စစ်ဆေးပေးခြင်း၊ HIV/Syphilis ရောဂါ စစ်ဆေးပေးခြင်းနှင့် အချစ်ပုစ္ဆာဘဝအဖြေရှာ အက်ပလီ ကေးရှင်းကို သွင်းပေးသည့် အစီအစဉ်များတွင်လည်း ကျောင်းသား/သူများကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

More Tags