ကချင်ပြည်နယ်အတွင်းရှိ စျေးများတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြစ်ကြီးနား၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်

      ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့နယ်၊ မံစီမြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် COVID-19 ရောဂါဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့်ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေး ပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ရောက်ရှိစေရန် ရည်ရွယ်၍ လူစုလူဝေးများပြားသည့် ဈေးများ၊ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


 
 
 
 
 

More Tags