ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

ညောင်ရွှေ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ဇန်နဝါရီ ၃၀ နံနက် ၈ နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပါသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းတို့က အမှာ စကား ပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

     ထို့နောက် ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းများကို စာရင်းသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ဆောင်ရွက်ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တ လောဖျားနာနေသူများမှလွဲ၍ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ် (၃၀) စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်း (၂၄၇) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် အဖြစ် ထိုးနှံပြီးဖြစ်ပါသည်။

 
 

More Tags