မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ကာကွယ်ဆေးထိုးစုရပ်သို့ ကွင်းဆင်းကြည့်ရှုအားပေးမှုများ ဆောင်ရွက်ခြင်း

မန္တလေး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်

      မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၂၄၅၈) ဦးအား COVID-19 ကာကွယ်ဆေးအား (၂၇-၁-၂၀၂၁) ရက်နေ့ နေ့လယ်ပိုင်းမှစ၍ အသုတ်လိုက် ထိုးနှံပေးလျှက်ရှိရာ ယနေ့ (၃၀-၁-၂၀၂၁) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်း ဆေးထိုးစုရပ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်၊ ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးစိန်မြင့်တို့နှင့်တကွ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

 
 

More Tags