ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (31-1-2021)

အမှတ်စဉ် (၂၆၃)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အမျိုးသားအဆင့် ကျန်းမာရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သည့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၆လမ်းနှင့် ၆၆ လမ်းထောင့်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားနေပုံ

 


အမှတ်စဉ် (၂၆၄)

ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မန္တလေးမြို့၊၂၆လမ်းနှင့် ၆၆လမ်းထောင့်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်နေပုံ

 


အမှတ်စဉ်( ၂၆၅)

ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မိုးနဲမြို့နယ်၌ အခြေခံကျန်းမာရေး ပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ


အမှတ်စဉ် (၂၆၆)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ အထူးကြပ်မတ်ကုသဆောင်(ICU) (Ward 5,6) ၌ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာ ခံစားရနေများကို ကုသစောင့်ရှောက်မှုများ ပေးအပ်နေပုံ (၇-၁-၂၀၂၁) (ယခုကဲ့သို့ အထူးကြပ်မတ်ကုသဆောင် (ICU)များတွင် ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာခံစားရသူ တစ်ဦးတစ်ယောက်မျှ မရှိစေလိုပါ၊ ရိုးရှင်းလွယ်ကူသော ရောဂါကာကွယ်ရေး နည်းလမ်းများကို သတိပြုလိုက်နာစေရေး မိသားစုဝင်/မိတ်ဆွေ အချင်းချင်းအသိပေး/သတိပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။)

 

More Tags