ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ပြည်ထောင်စုဝန်ကြီးသွားရောက် ကြည့်ရှု

နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော် လွှတ်တော်အဆောက်အဦရှိ ထမင်းစားခန်းမဆောင် ကာကွယ်ဆေးထိုးစုရပ်သို့ သွားရောက်ခဲ့ကာ တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

 

     ယနေ့၊ ညနေအထိ စာရင်းများအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၈၉) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါသည်။

     အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား (၃၀-၁-၂၀၂၁) ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါသည်။

     ယနေ့ (၂၉-၁-၂၀၂၁) ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၇,၃၁၅) ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါသည်။

 
 

More Tags