ကျိုင်းတုံမြို့တွင် ပြည်နယ်အဆင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အစည်းအဝေး ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အဆင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ အစည်းအဝေးကို (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံမြို့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်အဆင့် အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၉) ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ် အဆင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌ ပြည်နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကော်မတီဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များက စာသင်ကျောင်းများတွင် သောက်သုံးလျက်ရှိသောရေ အရည်အသွေးကောင်းမွန်ရေး၊ ပြည်သူလူထုအကြား သုံးစွဲမှုများသော ရိုးရာဆေးဝါးများ အန္တရာယ်ကင်းရှင်းရေးနှင့် ယခုအချိန်တွင် ခေတ်စားလာသော Online Shopping ဖြင့် ရောင်းချသော အလှကုန်ပစ္စည်းများ အန္တရာယ်ကင်းရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

One morning, when Gregor Samsa woke from troubled dreams, he found himself transformed in his bed into a horrible vermin. He lay on his armour-like back, and if he lifted his head a little he could see his brown belly, slightly domed and divided by arches into stiff sections.

More Tags